SJ WorldNews - шаблон joomla Авто

အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဘုန်းတော်ကြီး ကျောင်း ၂၆၉၁ ကျောင်း၊ သီလရှင်ကျောင်း ၁၂၄ ကျောင်း၊ အခြားဘာသာရေးများဆိုင်ရာနေရာဌာနတို

Thursday, 09 April 2020 10:22 font size decrease font size decrease font size increase font size increase font size

အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဘုန်းတော်ကြီး ကျောင်း ၂၆၉၁ ကျောင်း၊ သီလရှင်ကျောင်း ၁၂၄ ကျောင်း၊ အခြားဘာသာရေးများဆိုင်ရာနေရာဌာနတို့တွင် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက်ပေးခဲ့

နေပြည်တော်  ဧပြီ 

အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမာ့ကျန်းမာရေး အဖွဲ့ (World Health Organization-WHO) က မတ် ၁၁ ရက်တွင်   တရား ၀င် သတ်မှတ်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ တပ်မတော် အနေဖြင့်လည်း တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ကပ်ရောဂါ  COVID-19 နှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊  တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီးရှိ သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များနှင့် အသက်အရွယ်ကြီး ရင့်တော်မူကြသော သံဃာတော်များ၊ စာချစာသင် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအားလည်းကောင်း၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ ရေးကျောင်းများရှိ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာဝင်များအား လည်းကောင်း COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာ ရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဘာသာရေး အဆောက်အအုံများနှင့် အနီး ၀န်းကျင်အား ပိုးသတ်ဆေး ဖျန်းပေးခြင်းများ ပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့သည်။