SJ WorldNews - шаблон joomla Авто

နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

Monday, 18 May 2020 21:33 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၁၈

 

COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းလားဒေသမှ တစ်ဆင့်ဝင်ရောက် လာသည့် ရွေ့ပြောင်းအလုပ်သမား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၇ ဦးတို့သည် ယနေ့တွင် ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာကော်မြို့၊ ကွန်ဟိန်းမြို့၊ ခိုလမ်မြို့နှင့် နမ့်စန်မြို့များသို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြသည်။

 

အဆိုပါ နေရပ်ပြန်အလုပ်သမားများအား လမ်းကြောင်းတစ်လျှောက်ရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထမင်းထုပ်များ၊ ရေသန့်ဘူးများနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 68 times