SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Monday, 18 May 2020 21:30 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၁၈

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှု ကန့်သတ်ချက်များကြောင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ မေ ၁၇ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁) စိုက်ပျိုး/မွေးမြူရေး ရပ်ကွက်သို့ သောက်သုံးရေ ဂါလန် ၈၆၀၀၊ မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်သို့ သောက်သုံး ရေဂါလန် ၂၄၀၀၊ မှော်ဘီမြို့နယ်၊ ကျောက်တောင်စုကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၃၀၀၊ တိုက်ကြီးမြို့နယ်၊ ဖက်ဝန်းကုန်း ကျေးရွာသို့ သောက်သုံးရေဂါလန် ၂၂၀ ကိုလည်းကောင်း၊  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွာသာယာကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၄၀၀နှင့် မရမာကြီးကယ်ဆယ်ရေးစခန်းသို့ သောက်သုံးရေဂါလန် ၂၄၀၀ ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ခုနှစ်မိုင်ကျေးရွာသို့ သောက်သုံးရေ ၂၈၀၀ ဂါလန်နှင့် ၁၀၀ လီတာကို လည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 42 times Last modified on Monday, 18 May 2020 21:34