SJ WorldNews - шаблон joomla Авто

UWSA ' ၀ 'အဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ နယ်မြေများအတွင်း (Covid-19) ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်

Monday, 18 May 2020 21:37 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟွေအောနှင့် မိုင်းလားဒေသများသို့ ရောက်ရှိနေသည့် တြိဂံဒေသတိုင်း စစ်ဌာ နချုပ်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးအဖွဲ့များသည် (Covid-19) ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ယနေ့တွင်ဆေးအဖွဲ့က မိုင်းဆတ်မြို့နယ်၊ ဟွေအောပြည်သူ့ ဆေးရုံ၌  UWSA   'ဝ'  တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအားလည်း ကောင်း၊ မိုင်းလားမြို့ပြည်သူ့ဆေးရုံ၌   NDAA  (မိုင်းလား) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်းကောင်း ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG  စက်ဖြင့်ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ဆေးရုံပရဝုဏ်နှင့် အဆောက်အဦများ၊ အများပြည်သူအသုံးပြုသည့်နေရများ၊ ဘာသာရေး အဆောက် အဦများနှင့် နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့်(Covid-19)  ရောဂါ ကာကွယ်ရေး ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

 

Read 61 times Last modified on Monday, 18 May 2020 21:40