SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

Monday, 18 May 2020 21:50 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်၊ မေ - ၁၈

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ချိန်တွင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းများနှင့် မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့ရုံးတို့၌ ပေးအပ်လျက် ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းများအား အမယ် ၄ မျိုးထောက်ပံ့ ပေးအပ်ခြင်းကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အကူတပ်ဖွဲ့ခွဲရုံး ဂစ္ဆပခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ခင်ဇော်နှင့် တာဝန်ရှိသူများ၊ ရဲမှုထမ်းဟောင်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရိက္ခာအမယ် ၄ မျိုးထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း ၆၄ ဦးနှင့် မိသားစုဝင်များ စုစုပေါင်း ၁၄၂ ဦးအတွက် ရိက္ခာအမယ် ၄ မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ပဲတို့ကို ထောက်ပံ့ ပေးအပ်သည်။ ထို့ပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ စစ်တွေမြို့ရှိ အများပြည်သူအသုံးပြုသောနေရာများ၌ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

 

Read 45 times Last modified on Monday, 18 May 2020 22:02