SJ WorldNews - шаблон joomla Авто

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

Monday, 18 May 2020 21:47 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၁၈   

 

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ကင်းသာ)နှင့် ဥတ္တရသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(မရမ်းခုံ)တို့၌ တက်ရောက်ပညာသင်ကြားကြ မည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်း များအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 62 times Last modified on Monday, 18 May 2020 22:05