SJ WorldNews - шаблон joomla Авто

မူဆယ်မြို့နှင့်အနီးဝန်းကျင်တို့မှ မူးယစ်ဆေးဝါးများ ကျောက်စိမ်းတုံးများ၊ လက်နက်၊ ခဲယမ်းများနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

Monday, 18 May 2020 22:07 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောင်းမှုလွယ်ရပ်ကွက်နေ ဒေါ်ချို(ဘ) ဦးဟုန်စီယုတ်၏ နေအိမ်အား မေ ၁၇ ရက် ည ၁၀ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝန်းနှင့် နေအိမ်အတွင်းတို့မှWY  စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၄၃၀၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၈၀၀ ကျော်)နှင့် ကျောက်စိမ်းတုံးဆိုဒ်စုံ ၄၂ တုံးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။   

ထို့ပြင် ပူးပေါင်းတပ်ဖွဲ့ဝင်များက ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ကောင်းမှုလွယ် ရပ်ကွက်ရှိ ဦးထိုက်ချုန်း ပိုင်ဆိုင်သောနေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေရာ စည်သူ (ဘ) ဦးဝင်းမြင့်နှင့် စန်းတင့်အောင် (ဘ)ဦးဇော်မင်းတို့ ၂ ဦးကို ဒီတိုနေတာ ၂၉၀၀ ချောင်း နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းပစ္စည်းများသည် အဆိုပါရပ်ကွက်ရှိ အိမ်အမှတ်(၅၁၁)နေ ဦးမင်းသိန်း ပိုင်ဆိုင်သည့်ပစ္စည်းများ ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က ည ၁၁ နာရီခွဲခန့်တွင် ဦးမင်းသိန်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ ၎င်းကို ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းင်းကျည် ၁၀ တောင့်တို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။  

အလားတူ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန့်မိုင်ကျေးရွာသို့ သတင်းအရသွားရောက် ရှာဖွေ စစ်ဆေးရာ ဦးမာလ(ဘ)ဦးမရစ်နော်၏ နေအိမ်၌ တရားမဝင် တမလန်းသစ်ဆိုဒ်စုံ ၅ ဒသမ ၆၂၅ တန် ခန့်ကိုလည်းကောင်း၊ ဦးမာခါး(ဘ) ဦးဖော်ရွမ်ထယ် နေအိမ်ခြံဝန်းအတွင်း၌ တရားမဝင် တမလန်း၊ ပိတောက်နှင့် သစ်မကျီးစသည့်သစ်မျိုးစုံ ၂၉ ဒသမ ၂  တန်ခန့်ကို လည်းကောင်း၊ ဒေါ်နန်းအေးယုံ၏ နေအိမ်ခြံဝန်းအတွင်း၌ ခြံစောင့် ကျော်ဦး(ဘ) ဦးသောင်း နှင့်အတူ တရားမဝင် တမလန်း၊ ပိတောက်နှင့် သစ်မကျီး စသည့်သစ်မျိုးစုံ ၂၁ တန်ခန့်ကိုလည်းကောင်း၊ ကောင်းမှုလုံကျေးရွာရှိ ပိုင်ရှင်စိစစ်ဆဲ နေအိမ် တစ်လုံး၌ ပိတောက်နှင့်တမလန်းသစ်ဆိုဒ်စုံ ၁၆ ဒသမ ၆၂ တန်ကိုလည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့သည်။  

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများနှင့် သစ်များ အား မူဆယ်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာနတို့သို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် ပတ် သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 79 times Last modified on Monday, 18 May 2020 22:11