SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူ ခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ အတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

Tuesday, 19 May 2020 22:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ - ၁၉  

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိချိန်တွင် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများနှင့် တပ်နယ်ခန်းမများ၌ ပေးအပ် လျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ ပေးအပ်ကြသည်။  

အလားတူ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ၎င်းင်းတို့၏ မိသားစုဝင်များကိုလည်း  အဆိုပါအမယ် ၄ မျိုး ကို ပေးအပ်လျက်ရှိရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့၌ အသီး သီးပေးအပ်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 38 times Last modified on Tuesday, 19 May 2020 22:07