SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်

Tuesday, 19 May 2020 22:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ - ၁၉

COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းများ အပါ အဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။  

ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ လားရှိုးမြို့၊ မိုင်းရယ်မြို့၊ လောက်ကိုင်မြို့၊ ကွမ်းလုံမြို့၊ နမ္မတူမြို့နှင့် ကျောက်မဲမြို့တို့၌လည်း ကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ပင်းတယမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင် ပိုင်း)၊ မိုင်းပန်မြို့၊ ဟိုမိန်းမြို့နှင့် လင်းခေးမြို့တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ဖာပွန်မြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့၊ ဘီးလင်းမြို့တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၊ ထားဝယ် မြို့၊ ပလောက်မြို့၊ မြိတ်မြို့၊ တနင်္သာရီမြို့နှင့် ကော့သောင်းမြို့တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ တိုက်ကြီး မြို့နယ်၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် အမ်းမြို့တို့ ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ချင်းပြည်နယ်၊ မတူပီမြို့၊ ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရာတော်မြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး မြို့၊ သပိတ်ကျင်းမြို့၊ မိတ္ထီလာမြို့နှင့် သရက်မြို့တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့၊ ပေါက်ခေါင်းမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာ ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်း တာပေး ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့်  Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Face Mask များနှင့် Hand Gel များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေး ခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ် တပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူ ဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။   

Read 36 times Last modified on Tuesday, 19 May 2020 22:14