SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Tuesday, 19 May 2020 22:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ - ၁၉ 

တပ်မတော်အနေဖြင့် COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ 

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံနှင့် ကျေးလက် ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ ချင်းရွှေဟော်မြို့၊ တန့်ယန်းမြို့နှင့် ဟိုပန်မြို့တို့ရှိပြည်သူ့ ဆေးရုံများ၊ မိုင်းကောင်နှင့် နောင်လိုင်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နှင့် ပင်လုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် လင်းခေးမြို့ ရှိ ပန်တဝိကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တာနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ ပလောက်မြို့၊ တနင်္သာ ရီမြို့နှင့် ကော့သောင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ချင်းပြည်နယ်၊ မတူပီမြို့ရှိ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ တောင် ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပိန်းဇလုပ်မြို့၊ ရေတာရှည်မြို့၊ ဆွာမြို့၊ ပြည်မြို့နှင့် ကြို့ပင်ကောက်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနများ၌လည်း ကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊  Personal Protective Equipment (PPE)  ဝတ်စုံများ၊Hand Gel များ၊ Hand Washများ၊ ခွဲစိတ် ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ မျက်မှန် (Goggles)များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer များ၊ Non Touch Thermometer များ၊ Hand Sanitizer များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်း ကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ဆေး ရုံများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားဆရာဝန်များ၊ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများ၊ သီးသန့်စောင့်ကြည့်လူနာများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာ တင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စား သောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 34 times Last modified on Tuesday, 19 May 2020 22:19