SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

Tuesday, 19 May 2020 22:23 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ အေးမေတ္တာလမ်းနှင့် အေးသုခလမ်းကြားရှိ ဦးမျိုးအောင်၏ နေအိမ်၌ ဝရိန်ဆော်၍ မီးပွားကျရာမှ တစ်ဆင့် ယနေ့နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် မီးလောင်မှုစတင် ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ် ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ နေအိမ် ၂၀ လုံး မီးလောင် ပျက်စီးခဲ့ရာ မီးပေါ့ဆစွာ သုံးစွဲသူ ဦးမျိုးအောင်အား စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 40 times