SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Tuesday, 19 May 2020 22:27 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၁၉ 

 

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှု ကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။ 

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိ မြို့နယ်၊ သပြေစမ်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ကျွဲကူးဆိပ်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၃၁၀ ဘူးနှင့် တိုက်ကြီးမြို့နယ်၊ ဖူးကြီး ကျေးရွာသို့ သောက်ရေဂါလန် ၂၂၀ ကိုလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်၊ နတ်ချောင်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၈၀၀၀ ကို လည်းကောင်း အသီးသီး သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 40 times