SJ WorldNews - шаблон joomla Авто

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

Tuesday, 19 May 2020 22:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ- ၁၉ 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း (ပြည်စံအောင်)၊ ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(မရမ်းခုံ)နှင့် အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်း(ဇေယျာသီရိ)တို့၌ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်း သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သာယာလှပရေးတို့ အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Read 53 times Last modified on Tuesday, 19 May 2020 22:30