SJ WorldNews - шаблон joomla Авто

Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် အထောက် အကူပြုပစ္စည်းများကို တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ထပ်မံပို့ဆောင်

Wednesday, 20 May 2020 20:22 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊  မေ - ၂၀   

တပ်မတော်အနေဖြင့် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများအတွက် တပ်မတော်မှလှူဒါန်းသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသည့် အထောက်အကူပြုပစ္စည်းများကို တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် တိုင်းစစ်ဌာနချုပ်များသို့ ယနေ့တွင် ထပ်မံ ပို့ဆောင်ပေးသည်။  

ယနေ့ပို့ဆောင်ပေးရာတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း Surgical Mask ၅၀၀၀၀၀ ခု၊ OT Cap ၁၀၀၀၀၀ ခု၊  Face Shield  ၁၀၀၀၀၀ ခု၊ Sodium Hypochloride (10-15%) 18L  ၄၆၇ ပုံး၊ Portable X-Ray Machine(China)  ၇ လုံး၊ ECG Machine (1 Channel) (China)   ၁၄ လုံးနှင့် Suction Machine (China)  ၁၄၀ လုံးတို့ ပါဝင်ကြသည်။   

ထိုသို့ပို့ဆောင်ပေးခြင်းတွင် ယခုအကြိမ်သည် စတုတ္ထအကြိမ်ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဧပြီ ၁၆ ရက် တွင် ပထမအကြိမ်၊  ဧပြီ ၂၃ ရက်တွင် ဒုတိယအကြိမ်၊ မေလ ၂ ရက်တွင် တတိယအကြိမ်ပေးပို့ခဲ့ရာ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ လည်း တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖြန့်ဝေလှူဒါန်းပြီးဖြစ်သည်။

ယနေ့ပေးပို့သည့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်း သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး တာဝန်ရှိသူများမှတစ်ဆင့် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

 

Read 54 times Last modified on Wednesday, 20 May 2020 20:30