SJ WorldNews - шаблон joomla Авто

မူဆယ်မြို့နှင့်အနီးဝန်းကျင်တို့မှ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Wednesday, 20 May 2020 20:30 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၀  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကောင်းမှုတုံရပ်ကွက်နေ ဦးစိုင်းထွန်းလူ(ဘ)ဦးအောင်သိန်း၏ နေအိမ်အား ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ အိပ်ခန်း အတွင်းမှ ဘာရက်တာပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၀၀ တောင့်၊ စက်လတ်(ဘောက်ဝိုင်းပါ) ၁ လက်၊ အမ်- ၂၂ ကျည် ၈၇ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံးနှင့်အတူဖမ်းဆီးရမိခဲ့သည်။   

ထို့ပြင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဟိုမွန်ရပ် ကွက်၊ မင်္ဂလာမူဆယ်လမ်းမကြီးပေါ်၌ ကားဘီးပေါက်၍ လမ်း၏ ဝဲဘက်တွင် တိမ်းမှောက်လျက် ရှိသော မတ်စ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 7F/--- ယာဉ်အားတွေ့ရှိသဖြင့် စစ်ဆေးရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ၎င်းယာဉ်၏ နောက်ဖုံးအတွင်းမှ ပါရိသေနတ် ၁ လက်၊ ဖိုက်ဘာ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၅ တောင့်နှင့် ပွိုင့်- ၂၂အရှည်(တစ်တောင့်ထိုး)သေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။   

အဆိုပါ ဖမ်းဆီးရမိသူ၊ လက်နက်၊ ခဲယမ်းများနှင့် မော်တော်ယာဉ်တို့အား မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသတင်းရရှိသည်။

 

Read 50 times Last modified on Wednesday, 20 May 2020 20:33