SJ WorldNews - шаблон joomla Авто

နင်းမိုင်းဟောင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

Wednesday, 20 May 2020 20:34 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၀   

 

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကျော်ခေါင်ရွာနေ ဦးအိုက်စံနှင့် ကုန်းဟတ်ရွာနေ ဦးတင်အောင်တို့သည် တောထဲသို့ ဝါးခုတ်ရန်သွားရောက်စဉ် မေ ၁၉ ရက်နေ့လယ် ၁၁ နာရီခန့်တွင် ဂွယ်ကထောင် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့ အရောက်၌ နင်းမိုင်းဟောင်းတစ်လုံးကို ဦးအိုက်စံမှ နင်းမိပေါက် ကွဲသဖြင့် ၎င်းတွင်မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။   

 

အဆိုပါ မိုင်းထိလူနာအား နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများက လိုအပ် သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး မိုးမောက်မြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 48 times Last modified on Wednesday, 20 May 2020 20:34