SJ WorldNews - шаблон joomla Авто

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများထိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာ၌ ကူညီဆောင်ရွက်

Wednesday, 20 May 2020 20:34 font size decrease font size decrease font size increase font size increase font size

 မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများထိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေရာ၌ ကူညီဆောင်ရွက်

နေပြည်တော်၊ မေ - ၂၀   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မေ ၁၈ ရက်ညပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းထိုက်ခတ်မှုကြောင့် ညောင်သုံးပင်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းအမိုးများ အမိုးလန်ခြင်းဖြစ်ပေါ်ခဲ့သည်။   

အဆိုပါ နေရာသို့  ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက အမိုးများပြန်လည်ပြုပြင်ဖာထေးပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 36 times Last modified on Wednesday, 20 May 2020 20:36