SJ WorldNews - шаблон joomla Авто

မုန်းကျွတ်ဒေသ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်

Wednesday, 20 May 2020 20:35 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၀   

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မုန်းကျွတ်ဒေသသို့ ရောက်ရှိနေသည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များ သည် COVID-19 ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။   

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ဆေးအဖွဲ့က မုန်းကျွတ်ဒေသ၊ အခြေခံ ပညာမူလတန်း ကျောင်း၌  UWSA  'ဝ' တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးရုံပရိဝုဏ်နှင့် အဆောက်အဦများ၊ အများပြည်သူအသုံးပြုသည့်နေရာများ၊ ဘာသာရေးအဆောက်အဦများနှင့် နေအိမ်အဆောက်အဦများအား ပိုးသတ်ဆေးဖျန်းခြင်းနှင့်  COVID-19  ရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 61 times Last modified on Wednesday, 20 May 2020 20:38