SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Wednesday, 20 May 2020 20:38 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၀   

 

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။   

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာသို့ သောက်သုံး ရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာမြို့နယ်၊ မှန်ရိုးကုန်းကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ ရေသန့်ဘူးများကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိတ္ထီလာ မြို့နယ်၊ ပန်းကြိုင်စံပြကျေးရွာ၊ ကျောက်ဖြူကုန်းကျေးရွာနှင့် ရွှေစစ်သည်ကျေးရွာများသို့ သောက် သုံးရေဂါလန် ၃၄၀၀ ကိုလည်းကောင်း အသီးသီးသွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

Read 72 times Last modified on Wednesday, 20 May 2020 20:44