SJ WorldNews - шаблон joomla Авто

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့် တန်ဖိုးသင့် ထမင်းဟင်းများ ရောင်းချပေး

Wednesday, 20 May 2020 20:43 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များနှင့်  တန်ဖိုးသင့် ထမင်းဟင်းများ ရောင်းချပေး

နေပြည်တော်၊ မေ - ၂၀   

COVID-19  ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အထောက်အကူဖြစ်စေရန် အတွက်  နယ်မြေခံ တပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိ လာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်ထုတ် စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့်  ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 43 times Last modified on Wednesday, 20 May 2020 20:47