SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေး လှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

Wednesday, 20 May 2020 20:44 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၀   

 

COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိချိန်တွင် စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများနှင့် တပ်နယ်ခန်းမများ၌ ပေးအပ်လျက်ရှိပြီး ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပေးအပ်သည်။   

 

အလားတူ အဆိုပါအမယ် ၄ မျိုးကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လည်း ပေးအပ်လျက်ရှိရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 63 times Last modified on Wednesday, 20 May 2020 20:48