SJ WorldNews - шаблон joomla Авто

(COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည် တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Wednesday, 20 May 2020 20:49 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၀   

 

Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့် ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသ ကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။   

 

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦး၊  နယ်စပ်ဒေသမြို့ဖြစ်သည့် ချင်းရွှေဟော် မြို့၊ လားရှိုးမြို့၊ တာချီလိတ်မြို့၊ ကွမ်းလုံမြို့နှင့် ကွတ်ခိုင်မြို့တို့မှပြန်လည်ရောက်ရှိလာသူ အမျိုး သား ၉ ဦး၊ အမျိုးသမီး ၇ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထပ်မံရောက် ရှိလာသူမရှိကြောင်း သိရှိရသည်။   

 

ထို့ပြင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ နေပြည်တော်၊ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်းမှ ၁၄ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ် များနှင့် (COVID-19)  ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော် ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။     

 

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၄၃၂ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်း ပြည်သူ ၃၁၃ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 96 times Last modified on Wednesday, 20 May 2020 20:52