SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Thursday, 21 May 2020 21:12 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၁   

တပ်မတော်အနေဖြင့် COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ သာဝတ္တိတိုက်နယ်ဆေးရုံနှင့် အေလာ ကျေးလက် ကျန်းမာရေးဌာန၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကွတ်ခိုင်မြို့နှင့် မိုင်းရယ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်ကတ်တိုက်နယ်ဆေးရုံ၊ မိုင်းတွင်းနှင့် မန်စံကျေးလက်ကျန်း မာရေးဌာနများ၌လည်းကောင်း၊   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ ပြည်သူ့ဆေးရုံနှင့် နောင်ခဲကျေးရွာကျေးလက် ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မိုင်းစိတ်နှင့် နားရိုင်း ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ ဆေးရုံ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ပလောက်မြို့ တိုက်နယ်ဆေးရုံ၊ ခန္နီကျေးလက်ကျန်းမာရေးဌာနနှင့် ကျောက်လုံးကြီး ကျေးလက်ကျန်းမာရေး ဌာနတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည် ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သလပ်ခွာ တိုက်နယ်ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ လည်း ကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ရွှေတောင်မြို့နှင့် မင်းလှမြို့တို့ရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ် ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်း သုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊  Personal Protective Equipment (PPE)  ဝတ်စုံများ၊   ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ မျက်မှန်(Goggles)များ၊Pulse Oxymet er (Finger Tip)များ၊ Non- Contact Infrared Thermometer  များ၊ Non Touch Thermometer  များ၊ Portable  X-Ray Machine စက်၊ ECG  Machine   စက်၊Suction  Machine  စက်များ၊ OT Cap များ၊ Face Shield များ၊ ပိုးသတ်ဆေးပုလင်းများ၊ Sodium Hypochloride   များနှင့် ရေမလို လက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ် လှူဒါန်းကြသည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 61 times Last modified on Thursday, 21 May 2020 21:19