SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

Thursday, 21 May 2020 21:14 font size decrease font size decrease font size increase font size increase font size

 COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၁

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။   

ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့၌ လည်းကောင်း၊  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုင်းရယ်မြို့၊ နမ္မတူမြို့၊ ကျောက်မဲမြို့၊ ကွတ်ခိုင်မြို့နှင့် သိန်းနီမြို့တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ကလောမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ မိုင်းပန်မြို့၊ ဟိုမိန်းမြို့နှင့် ခိုလမ်မြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းခုတ်မြို့တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ မော်လမြိုင်မြို့၊ ရေးမြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့၊ ဘီးလင်းမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့နှင့် ဘားအံမြို့တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့နှင့် ပလောက်မြို့တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မှော်ဘီမြို့နယ်၊ အဖျောက်မြို့၊ လှည်းကူးမြို့၊ ဒလမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ် နှင့်ကော့မှူး မြို့နယ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် မြန်အောင်မြို့တို့၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တီးတိန်မြို့၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ဝန်းသိုမြို့၊ ကလေးမြို့နှင့်  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ပြင်ဦးလွင်မြို့၊ မိတ္ထီလာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့နယ်နှင့် အောင်လံမြို့တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများကို ဃဥဠှီု-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များနှင့် Face Mask  များ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်း ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေး ကြသည်။

ထိုသို့ဆောင်ရွက်နေမှုများနှင့် COVID-19  ရောဂါနှင့်ပတ်သက်၍ သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိသည့်နေရာများသို့ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုကြပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ကြ သည်။   

 

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။

 

Read 43 times Last modified on Thursday, 21 May 2020 21:24