SJ WorldNews - шаблон joomla Авто

ရပ်စောက်မြို့နယ်အတွင်း တရားမဝင်သစ်လုပ်ငန်းဆောင်ရွက်နေသူများအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Thursday, 21 May 2020 21:25 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၁   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကျိုင်းခမ်းကျေးရွာ၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ၌ တရား မဝင်သစ်လုပ်ငန်းဆောင်ရွက်နေသည့် ဦးကျော်မင်း(ဘ)ဦးသိန်း အပါအဝင် အမျိုးသား ၁၆ ဦးကို ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ မော်တော်ယာဉ် ၂ စီး၊ တရားမဝင်သစ်မျိုးစုံ  ၄ တန်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။   

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ တရားမဝင်သစ်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများ အား ရပ်စောက်မြို့နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Read 63 times Last modified on Thursday, 21 May 2020 21:27