SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Thursday, 21 May 2020 21:24 font size decrease font size decrease font size increase font size increase font size

 သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ မေ - ၂၁   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် မလှိုင်မြို့နယ်၊ သရက်ကန်ကျေးရွာသို့ သောက်ရေသန့်၂၀ လီတာဆံ့ ၅၀ ဘူး၊ နွားထိုးကြီး မြို့နယ်၊ အောင်ပန်းကျေးရွာနှင့် သူဌေးကုန်း ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၅၅ ဘူး၊ မိတ္ထီလာမြို့နယ်၊ ကျောင်းရွာကျေးရွာနှင့် ညောင်ကုန်းကျေးရွာသို့  သောက်ရေသန့် ၂၀ လီတာဆံ့ ၅၀ ဘူး၊ ရွှေပန်းတိုင်ကျေးရွာသို့ သုံးရေဂါလန် ၁၆၀၀ နှင့် ဝမ်းတွင်းမြို့နယ်၊ ခါးတက္ကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးတို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာသို့ သောက်ရေ ၁၀၀ လီတာနှင့် သုံးရေ ဂါလံ ၂၈၀၀ တို့ကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 39 times Last modified on Thursday, 21 May 2020 21:37