SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ ကျေးရွာများ၌ သောက်သုံးရေကန်များ ပြန်လည် တူးဖော်

Thursday, 21 May 2020 21:28 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ ကျေးရွာများ၌ သောက်သုံးရေကန်များ ပြန်လည် တူးဖော်

နေပြည်တော်၊ မေ - ၂၁   

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ်အချို့သည် နွေရာသီကာလတွင်  သောက်သုံး ရေကန်းများ အဓိကအားထားနေရပြီး ယခုအခါ အဆိုပါရေကန်များမှာ တိမ်ကောလာခြင်း၊ ပျက်စီးလာခြင်းတို့ကြောင့် ရေသိုလှောင်နိုင်မှုလျော့နည်းလာသည့်အတွက် ဒေသခံ ပြည်သူလူထုအ နေဖြင့် ရေရှားပါးမှု၊ ရေမလုံလောက်မှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့လျက်ရှိ ကြောင်း သိရှိရသည်။   

အဆိုပါနေရာများသို့ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒအား အမှူးထား၍ ဓမ္မဒူတမိသားစုနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့မှ ပူးပေါင်း၍ စက်ယန္တရားများဖြင့် မေ ၁၈ ရက်နေ့မှစတင်ကာ  တူးဖော်ပေးလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ပတုပ်ကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာ၊ သူကြီးပတုပ်ကျေးရွာတို့ရှိ သောက်သုံးရေကန်အား လည်းကောင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်ရှိ အမှတ်(၃)၊ အမှတ်(၄) သောက်သုံးရေကန်များအား လည်းကောင်း တူးဖော်မွမ်းမံဆောင်ရွက်ပေးနိုင်ခဲ့သည်။   

 ထို့ပြင် ကျန်ရှိသည့် မြို့နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများရှိ သောက်သုံး ရေကန်များကိုလည်း ဆက်လက်တူးဖော်ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Thursday, 21 May 2020 21:30