SJ WorldNews - шаблон joomla Авто

အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

Thursday, 21 May 2020 21:27 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ဧဒင်)၊ ဇေယျာ သီရိမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်)၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း(မိုးစွေ)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(မသိမ်)တို့၌ တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာ နချုပ်၊ နယ်မြေခံတပ်မတော်သားများက  ချုံနွယ်ပေါင်းမြက်များ ခုတ်ထွငရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 52 times Last modified on Thursday, 21 May 2020 21:30