SJ WorldNews - шаблон joomla Авто

(COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Thursday, 21 May 2020 21:32 font size decrease font size decrease font size increase font size increase font size

 (COVID-19) ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား  နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ မေ - ၂၁   

Coronavirus Disease 2019 (COVID-19)    ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ရန် သီးသန့် စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေး လျက်ရှိသည်။   

 ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊  နယ်စပ်ဒေသမြို့ဖြစ်သည့်  ကွမ်းလုံမြို့နှင့် ရေးမြို့တို့မှပြန်လည်ရောက်ရှိ လာသူ အမျိုးသား ၂ ဦး နှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရှိရသည်။   

ထို့ပြင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ နေပြည် တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၁ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။    

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၄၁၇ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၃၁၃ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။   

လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Thursday, 21 May 2020 21:36