SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Friday, 22 May 2020 22:20 font size decrease font size decrease font size increase font size increase font size

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ မေ - ၂၂   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရေအိုးစင်ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ငါးရံ့ကုန်း (တောင်/မြောက်)နှင့် ကံရွာကျေးရွာသို့ ရေသန့်ဘူးများ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ စည်ပင်သာကျေးရွာသို့ သောက်သုံးရေဂါလန် ၃၀၀၀ ကိုလည်းကောင်းအသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Friday, 22 May 2020 22:24