SJ WorldNews - шаблон joomla Авто

စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံ(ကုတင်-၅၀၀)နှင့် အမ်းမြို့ရှိပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါ ကာကွယ် ရေးအတွက် ဆေးအထောက်အကူပစ္စည်းများ လှူဒါန်း

Friday, 22 May 2020 22:23 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၂  

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံ(ခုတင်-၅၀၀)သို့ COVID-19  ရောဂါ ကာကွယ်ရေးအတွက် ဆေးအထောက်အကူပစ္စည်းများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် နှင့်အဖွဲ့ဝင်များ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင် နှင့်ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့ဆေးရုံအတွက် COVID-19  ရောဂါ ကာကွယ်ရေးအတွက် ဆေးအထောက်အကူ ပစ္စည်းများဖြစ်သည့် Surgical  Mask  ၃၀၀၀ ခု၊ Face Shield  ၆၀၀ ခု၊ OT Cap ၆၀၀ ခု၊ Portable Suction Unit  ၁ ခု၊ Sodium Hypochloride 20 L  ပုံးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။   

အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အမ်းမြို့ရှိ ပြည်သူ့ ဆေးရုံသို့ COVID-19  ရောဂါ ကာကွယ်ရေးအတွက် ဆေးအထောက်အကူ ပစ္စည်းများ ဖြစ်သည့် Surgical  Mask  ၃၀၀၀ ခု၊ OT Cap ၅၀၀ ခု၊Sodium Hypochloride  ၂ ပုံး၊ ECG Machine   ၁ ခု၊  Suction Machine ၁ ခုနှင့် ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းသည်။

ထို့ပြင် အမ်းတပ်နယ်မှ တပ်မတော်သားများက အမ်းမြို့ရှိ အများပြည်သူနှင့်ဆိုင်သောနေရာများ၌ ပိုးသတ်ဆေးဖျန်း ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 24 times Last modified on Friday, 22 May 2020 22:29