SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးက အလှူငွေများပေးအပ်လှူဒါန်း

Friday, 22 May 2020 22:32 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးက အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၂   

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင် နေကြသော တပ်မတော်သားများအတွက် မြန်မာတော်ဝင်အနွယ် တော်များအစည်းအရုံး (Myanmar Royal Descendants Association- MRDA) က အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။   

ဦးစွာ မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက အလှူငွေပေးအပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်သားများအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Read 23 times Last modified on Friday, 22 May 2020 22:34