SJ WorldNews - шаблон joomla Авто

"ဝ"တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေး

Friday, 22 May 2020 22:34 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ- ၂၂ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း ရောက်ရှိနေသော တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များသည် ယနေ့တွင် ယောင်ခတိုက်နယ်ဆေးရုံ၌ UWSA   "ဝ" တပ်ဖွဲ့ဝင်များ နှင့်မိသားစုဝင် များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးရုံအဆောက်အဦအတွင်း၊ အပြင်နှင့် နေအိမ်များ၊ ဘာသာရေး အဆောက်အဦများအား ပိုးသတ် ဆေးဖျန်းပေးခြင်း၊ COVID-19  ရောဂါကာကွယ်ရေး ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဆေးရုံတက်လူနာများအား ကြက်ဥ၊ နွားနို့၊ ပေါင်မုန့် စသည့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 42 times Last modified on Friday, 22 May 2020 22:36