SJ WorldNews - шаблон joomla Авто

စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

Friday, 22 May 2020 22:35 font size decrease font size decrease font size increase font size increase font size

စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ- ၂၂   

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(သပြေပင်)နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ တက်ရောက်ပညာ သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်း၊အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 23 times Last modified on Friday, 22 May 2020 22:39