SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

Friday, 22 May 2020 22:41 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၂

COVID-19   ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါ အဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေး မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ် တို့၌လည်းကောင်း၊  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမိတ်မြို့တို့၌လည်းကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ တန့်ယန်းမြို့၊ ကွတ်ခိုင်မြို့၊ နမ္မတူ မြို့နှင့် လောက်ကိုင်မြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင် ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ကလောမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့နှင့် ဖရူဆိုမြို့ တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ ကျေးသီးမြို့၊ ဟိုမိန်းမြို့နှင့် မိုင်းနောင်မြို့တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နှင့် မိုင်းတုံမြို့ တို့၌လည်းကောင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်အနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နှင့် လှိုင်းဘွဲမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင် မြို့၊ ရေဖြူမြို့နှင့် မြိတ်မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ အလုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အင်္ဂပူမြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရာတော်မြို့၊ ရွှေဘိုမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့်  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်ဆည်မြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်မြို့၊ ဆွာမြို့၊ ဖြူးမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ဘုရားကြီးမြို့၊ ပြည်မြို့၊ သာယာဝတီမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတ စေတနာ့ ဝန်ထမ်း များနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက် ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များနှင့် Face Mask များ ဖြန့်ဝေပေးခြင်း၊ အသံချဲ့ စက်ဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည် သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ် များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေး ကြသည်။ ထိုသို့ဆောင်ရွက် နေမှုများ၊ တပ်မတော်ဆေးရုံ၌ သီးသန့် စောင့်ကြည့် ရမည့်သူများ ထားရှိရန်ပြင်ဆင်ထားရှိမှုများနှင့် COVID-19  ရောဂါနှင့်ပတ်သက်၍ သီးသန့် စောင့်ကြည့်ရ မည့်သူများ ထားရှိသည့်နေရာများသို့ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး သီးသန့်စောင့်ကြည့်မှုခံယူနေသူများအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများပေးအပ်ကြသည်။

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွား ရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 48 times Last modified on Friday, 22 May 2020 22:48