SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

Saturday, 23 May 2020 21:47 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ မေ - ၂၃

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းဆိုင်ရာအထူးကုဌာန၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ မိုးမောက်မြို့၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ ချီဖွေမြို့၊ လွယ်ဂျယ်မြို့နှင့် တနိုင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့ရှိ ပြည်သူ့ဆေးရုံများ၊ မုံးပေါ်နှင့် မန်ကန်တို့ရှိ တိုက်နယ်ဆေးရုံများ၊ ကန်မိုင်းနှင့် နမ့်ဟူးတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် အောင်ပန်းမြို့နယ်၊ ရပ်စောက်မြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့နှင့် ဘောလခဲမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက် ကျန်းမာရေး ဌာနတို့၌ လည်းကောင်း၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာကျေးလက်ကျန်းမာရေး ဌာန၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၊ မိုင်းယုမြို့၊ မိုင်းတုံမြို့၊ }}ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ တာချီလိတ်မြို့နှင့် တာလေမြို့တို့ရှိ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့၊ ကျိုက်ထိုမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ကော့ကရိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နှင့် တနင်္သာရီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံကြီး၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် ဟင်္သာတမြို့ နယ်တို့ရှိ ပြည်သူ့ ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ညောင်ဖြူပင်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် ချင်းပြည်နယ်၊ မတူပီမြို့ရှိ ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ သာစည်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ် ဆေးရုံများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ထန်းတပင်မြို့၊ ကျောက်ကြီးမြို့၊ ပန်းတောင်းမြို့၊ အုတ်တွင်းမြို့၊ ဘုရားကြီး မြို့နှင့် သာယာဝတီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊  N95 Maskများ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊   ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ မျက်မှန် (Goggles)များ၊ Pulse Oxymeter (Finger Tip)  များ၊ Non- Contact Infrared Thermometer  များ၊ Non Touch Thermometer  များ၊ Portable  X-Ray Machine  စက်၊ ECG  Machine စက်၊ Suction  Machine စက်များ၊ OT Cap များ၊ Face Shield  များ၊ ပိုးသတ်ဆေးပုလင်းများ၊ Sodium Hypochloride  များနှင့် ရေမလိုလက်သန့်ဆေးရည်များကို တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။   

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Saturday, 23 May 2020 21:50