SJ WorldNews - шаблон joomla Авто

မင်္ဂလာဒုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Saturday, 23 May 2020 21:54 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ  အထက်တန်း ကျောင်း(အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ အတွင်းအပြင်သန့်ရှင်း သာယာမှုရှိစေရေးနှင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်း ဝန်းအတွင်းအပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်း၊ ပျက်စီးနေသာ စာသင်ခုံများ ပြန်လည် ပြုပြင်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ချုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 33 times Last modified on Saturday, 23 May 2020 21:55