SJ WorldNews - шаблон joomla Авто

အမ်းမြို့နှင့် တောင်ကုတ်မြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Saturday, 23 May 2020 21:56 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၃  

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကုတ်မြို့ရှိ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်း များအတွင်း အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရန် ရေနုတ် မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ဆောင်များ၊ ရုံးခန်းများနှင့် မလွတ်ကင်းသည့်  သစ်ကိုင်းများအား ခုတ်ထွင်ဖယ်ရှားခြင်းများအား စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 45 times Last modified on Saturday, 23 May 2020 21:57