SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်သားများအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

Saturday, 23 May 2020 21:57 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၃

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေ သည့် တပ်မတော် သားများအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဘုရင့်နောင်ဧည့်ရိပ်သာ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်၊ TZK ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းကုမ္ပဏီ၊ KENTO ခရီးသွားလုပ်ငန်းကုမ္ပဏီ၊ မလိဝမ်းရွှေဖြူရာဘာကုမ္ပဏီ၊ (YK) ရတနာကုန်မာဆိုင်၊ ဓနအား မာန်ကုမ္ပဏီ၊ ကျော်ချမ်းသာကုမ္ပဏီ၊ ကောင်းစုဇော်ကုမ္ပဏီ၊ ဟိန်းရတနာကုမ္ပဏီ၊ PLTT   သောက်ရေ သန့်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ကင်းမွန်ငါးလုပ်ငန်းရှင်များ အသင်းနှင့် ကမ်းနီး၊ ကမ်းဝေးရေလုပ်ငန်းရှင် များအသင်း၊ ပါချန်ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချီရေးနှင့် အထွေထွေ ဖွံ့ဖြိုးရေး၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Patient Monitor  ကုမ္ပဏီတို့မှ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၅ စုံ၊ Boots ၁၀၀ ခု၊ Goggles ၂၀၀ ခု၊ Cap ၁၀၀ ခု၊ Surgical Glove ၁၇၀ ခု၊ Oxygen Flowmeter ၅ ခု၊ Digital BP Cuff ၂ ခု၊ Nebulizer Machine ၃ ခု၊ Pulse Oxymete ၅ ခု၊ Hand Gel၂၀ ဘူး၊ Infrared Thermometer ၄ ခု၊ Face Cover ၄၄၀ ခု၊ ရောဂါ ကုသရာတွင်အသုံးပြုသောဆေးဝါးများ ၂၀ မျိုး ၈ စုံ၊ N-95 Mask ၃၆၀ ခု၊ Ensure(Singapore)BSO gran  ၂၅ ခုနှင့် အောက်ဆီဂျင်ပေးစက် (Oxygen Concentrator)  ၅ လုံးတို့ကို အသီးသီးပေးအပ်လှူ ဒါန်းရာ တိုင်းမှူးကလက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Read 41 times Last modified on Saturday, 23 May 2020 22:05