SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Saturday, 23 May 2020 22:05 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၃   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သွား လာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့်တိုင်းဒေ သကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။   

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၈၀၀ နှင့် ပုဗ္ဗသီရိမြို့ နယ်၊ ဖက်တဲကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊  ခတ္တကန်ကျေးရွာ၌ သောက်ရေသန့် ၁၀၀ ဘူးနှင့် သောက်သုံးရေ ဂါလန် ၁၁၀၀၀ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ အောင်ပင်သာကျေးရွာနှင့် ကောင်မှုကန်ကျေးရွာများသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၃၀ ဘူး၊ ညှောင်းအိုင်ကျေးရွာနှင့် ဘုရားကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၄၀၀ ၊ ဆင်စွယ်ရကျေးရွာနှင့် လျော်ဖြူပင်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၂၅၀ ဘူး၊ ချောက်မြို့နယ်၊ ရသစ်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၃၀၀၀၊ မင်းလှမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ကူးသန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူး၊ သောက်သုံးရေ ဂါလန် ၂၆၀၀ ၊ မြို့သစ် မြို့နယ်၊ မင်းကန်ကြီးတဲတိုက်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၄၂၀၀ ၊ မင်းဘူးမြို့နယ်၊ မင်းလှကျေး ရွာသို့ သောက်သုံးရေ ဂါလန် ၂၉၀၀ နှင့် မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာနှင့် သပြေစမ်း ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၈၈၆ တို့ကိုလည်းကောင်း အသီးသီးသွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

 

Read 41 times Last modified on Saturday, 23 May 2020 22:17