SJ WorldNews - шаблон joomla Авто

နေရပ်ပြန်အလုပ်သမားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

Saturday, 23 May 2020 22:17 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၃ 

COVID-19  ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားနယ်မြေ အထူးဒေသ(၄)၊ နမ့်ပန်းဒေသတွင် Community  Based  Facility  Quarantine   ၂၁ ရက် ထားရှိပြီး ဖြစ်သော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၆၉ ဦးတို့သည် ယနေ့တွင် ၎င်းင်းတို့၏ နေရပ်အသီးသီးသို့ မော်တော် ယာဉ်များဖြင့် မိုင်းယု- မိုင်းယောင်း-မိုင်းဖြတ်-ကျိုင်းတုံ-တောင်ကြီးလမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာကြသည်။

အဆိုပါနေရပ်ပြန်အလုပ်သမားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းယောင်းမြို့၊ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးပြီး လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 38 times Last modified on Saturday, 23 May 2020 22:21