SJ WorldNews - шаблон joomla Авто

တနိုင်းမြို့နယ်အတွင်း တရားမဝင် ပယင်းတူးဖော်မည့်သူများအား ဖမ်းဆီးရမိ

Saturday, 23 May 2020 22:21 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊  မေ - ၂၃ 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မေ ၂၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်ခွန်ကျေးရွာ၏ အနောက် တောင်ဘက် ၆ မိုင်ခန့်အကွာသို့ အရောက် ၌ တရားမဝင်ပယင်းခိုးယူတူးဖော်ရန် ရောက်ရှိနေသည့်  အမျိုးသား ၁၂ ဦးကို ပယင်းတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။   

အဆိုပါဖမ်းဆီးရမိသူများနှင့် တရားမဝင်ပယင်းတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တနိုင်းမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 50 times Last modified on Saturday, 23 May 2020 22:24