SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

Sunday, 24 May 2020 21:11 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၄   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သွားလာ မှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့်တိုင်းဒေသ ကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀နှင့် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ငါးစက္ကန့်ကျေးရွာသို့ ရေသန့်ဘူးများနှင့် သောက် သုံးရေဂါလန် ၁၂၀၀၊ သာစည်မြို့နယ်၊ ရွာပုလဲကြီးကျေးရွာနှင့် ကျီးတိုင်ကုန်း(မြောက်)ကျေးရွာသို့ သောက်သုံးရေဂါလန် ၂၀၀နှင့် ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာသို့ ရေသန့်ဘူးများကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

Read 38 times Last modified on Sunday, 24 May 2020 21:16