SJ WorldNews - шаблон joomla Авто

နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

Sunday, 24 May 2020 21:17 font size decrease font size decrease font size increase font size increase font size

နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ မေ - ၂၄    

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း တရုတ်နိုင်ငံနှင့် မိုင်းလားဒေသတို့မှ ပြန်လည်ရောက်ရှိလာပြီး နမ့်ပန်းဒေသ၌ Facility Quaratine ထားရှိပြီးဖြစ်သော ရွေ့ပြောင်းအလုပ်သမား အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၁၀၈ ဦးတို့သည် ယနေ့တွင် ၎င်းင်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နှင့် နမ့်စန်မြို့များသို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြ သည်။     

အဆိုပါ နေရပ်ပြန်အလုပ်သမားများအား လမ်းကြောင်းတစ်လျှောက်ရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ တပ်မတော်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ရေသန့်ဘူးများ၊ အချိုရည်ဘူးများပေးဝေပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

Read 44 times Last modified on Sunday, 24 May 2020 21:18