SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး၊ စားသောက်ဖွယ်ရာများနှင့် ကျေးရွာမီးလင်း ရေးပစ္စည်းမျာပေးအပ်

Sunday, 24 May 2020 21:22 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၄  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်အုပ်စု၊ ပုံတောင်းကျေးရွာရှိ ဒေသခံပြည်သူ ၁၇၅ ဦး ကို ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ COVID-19 ရောဂါနှင့်ပတ်သက် ၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။  

 

ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ) က ကျေးရွာရှိ ဒေသခံပြည်သူ များအတွက် Solar  ပြား ၆၆ စုံ၊ System Power 500 W ၁ ခု၊ LED  မီးသီး ၂ လုံးနှင့် ၂ ပေမီးချောင်း ၁ ချောင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 46 times Last modified on Sunday, 24 May 2020 21:23