SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Monday, 25 May 2020 21:06 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၅    

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံး ပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက် ရှိသည်။  

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌လည်း ကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ပန်ဝါမြို့ ပြည်သူ့ဆေးရုံနှင့် မန်ကျည်း ပင်တိုက်နယ်ဆေးရုံ၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် တန့်ယန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်ကန်နှင့်မန်ပန်တို့ရှိ တိုက်နယ် ဆေးရုံများနှင့် အေးသာယာနှင့် ခွန်ခါကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ပင်းတယမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေး မြို့နယ်၊ ဝမ်ဟတ်နှင့် နားကုန်းကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာ နချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခွန်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းတုံမြို့နယ်နှင့် မုံးထမြို့တို့ရှိ ပြည်သူ့ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားတိုက်နယ်ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် မြဝတီမြို့ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နှင့် ရေဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပြည်ကြီးမန်တိုင်နှင့် ကရသူရိတိုက်နယ် ဆေးရုံများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ သပြေကုန်းတိုက်နယ်ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဟုမ္မလင်း မြို့နယ်နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ကလေးမြို့နယ်ရှိ ကျေးလက်ကျန်းမာ ရေးဌာန၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အရိုးအထူးကုဆေးရုံ၊ သင်ကြားရေးဆေးရုံ၊ ကန်တော်နဒီအထူးသီးသန့် ကုသဆေးရုံ၊ သာစည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဟံဇား(ကုတင်-၁၆)၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ထန်းတပင်မြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့နှင့် ကရင်ပြည်နယ်၊ လိပ်သိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊ Personal Protective Equipment (PPE)ဝတ်စုံများ၊   ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ မျက်မှန်(Goggles)များ၊ Non Touch Thermometer များ၊ Portable  X-Ray Machine  စက်၊ECG  Machine စက်၊ Suction  Machine စက်များ၊ OT Cap များ၊ Face Shieldများ၊ ပိုးသတ်ဆေးပုလင်းများ၊ Oxygen ဘူးများ၊ Sodium Hypochloride များ၊ Bleaching Powder များ၊ ECG စက်၊ ချွဲစုပ်စက်နှင့် ရေမလို လက်သန့်ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူ များထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက် ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 51 times Last modified on Monday, 25 May 2020 21:11