SJ WorldNews - шаблон joomla Авто

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ၊ တန်ဖိုးသင့် ထမင်းဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

Monday, 25 May 2020 21:17 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၅   

COVID-19  ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန် အတွက်  နယ်မြေခံတပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာ သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်ထုတ် စားသောက် ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့်  ရောင်းချပေးလျက်ရှိသည်။   

 

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများက ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။ 

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောင်သူများထံမှ ဝယ်ယူခဲ့သော ဂေါ်ဖီ ထုပ်များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံတပ်မတော် သားများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ သက်သာသောဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသတင်းရရှိသည်။

 

Read 68 times Last modified on Monday, 25 May 2020 21:23