SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်

Tuesday, 26 May 2020 22:08 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၆

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ လယ်ဝေး မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့၌လည်း ကောင်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကွမ်းလုံမြို့၊ နမ္မတူမြို့နှင့် မိုင်းရယ်မြို့ တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၊ ကျေးသီးမြို့၊ ခိုလမ်မြို့နှင့် မိုင်းပန်မြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့၊ မော်လမြိုင်မြို့၊ ရေးမြို့၊ သံဖြူဇရပ်မြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့၊ ကြာအင်းဆိပ်ကြီး မြို့နှင့် ဘားအံမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ပလောက်မြို့၊ မြိတ်မြို့နှင့် တနင်္သာရီမြို့ တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်္ဂလာ ဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်း ကျွန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြမြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့၌လည်း ကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် တောင်ကုတ်မြို့၌လည်းကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ ကလေး မြို့၊ ဟုမ္မလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့်  ချင်းပြည်နယ်၊ ဟားခါးမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သပိတ်ကျင်းမြို့၊ မိတ္ထီလာမြို့၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နှင့် သရက်မြို့တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ သဲကုန်းမြို့နှင့် ကရင်ပြည်နယ်၊ သံတောင် ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန် ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ ဝန်ထမ်းများ၊ ဒေသခံပြည်သူ များနှင့် မီးရထားစီးခရီးသည်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များနှင့် Face Mask  များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ် ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြသည်။

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ် သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူ ဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။     

 

Read 43 times Last modified on Tuesday, 26 May 2020 22:55