SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့ရှိ ရပ်ကွက်၊ကျေးရွာများ၌ သောက်သုံးရေကန်တူးဖော် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်

Tuesday, 26 May 2020 23:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့ရှိ ရပ်ကွက်၊ကျေးရွာများ၌ သောက်သုံးရေကန်တူးဖော် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်

နေပြည်တော်၊ မေ- ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်၊ ကျေးရွာများ၌ သောက်သုံးရေ ကန်တူးဖော်ပြင်ဆင်မွမ်းမံမှုများကို ဓမ္မဒူတဆရာတော် ဘဒ္ဒန္တအရှင်ဆေကိန္ဒအား အမှူးထား၍ ဓမ္မဒူတမိသားစုနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့က ပူးပေါင်းကူညီဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၄ ရက်မှ ယနေ့အထိ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ သုံးခွ မြို့နယ်၊ မုဒိတာကျေးရွာနှင့် ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာတို့၌ သောက်သုံးရေကန် တူးဖော်ပြင်ဆင် ခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ပြီး ဆောင်ရွက်ပေးရန် ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 34 times