SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Tuesday, 26 May 2020 23:15 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ မေ - ၂၆  

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ 

 

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ဝက္ကမူကျေးရွာ၊ ပျဉ်းမနားအရှေ့ခြမ်း တောင်ပေါ် ဒေသရှိ တောင်မြင့်ရေပူကျေး ရွာ၊ အောင်သာကျေးရွာ၊ မဲပေါက်ကျေးရွာ၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်လွန့်ကျေးရွာနှင့် သပြေစမ်းကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ နှင့် သိန်းနီမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ စံလောင်းတိုက်နယ်ဆေးရုံ၊ သော့စန်နှင့် ပန်ကွမ်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်၊ မင်းချောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုကိုး၊ ကုန်းသာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးတိုက်နယ်ဆေးရုံနှင့် တိုက်နယ်ကျန်းမာရေးဌာန၊ ဖရူဆိုမြို့၊ ရှားတောမြို့နှင့် ဘောလခဲ မြို့နယ်၊ ရွာသစ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဖားဆောင်းမြို့နယ်၊ လိုခါးလိုတိုက်နယ် ဆေးရုံတို့၌ လည်းကောင်း၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ် မြို့နယ်၊ နမ့်လွတ်ကျေးရွာနှင့် ကဒူးလေးကျေးရွာတို့ရှိကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ၊ မိုင်းဇင်းကျေးရွာ၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်၊ နားကော်၊ ဟိုနား၊ ကာန၊ ပိန်းခမ်း၊ ဖာဖဲ၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်ယမ်း၊ တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ၊ မိုင်ဟဲ၊ မိုင်းခတ်မြို့နယ်၊ မိုင်းလွယ်၊ ပါခါးလုံး၊ မိုင်းတုံမြို့နယ်၊ မဲကင်၊ နမ့်ယွမ်း၊ နမ့်ဟူးခွန်၊ မိုင်းနှုန်းနှင့် မိုင်းညှင်းတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ခမောက်ကြီးမြို့၊ ကော့သောင်းမြို့၊ အောင်ဘာ၊ ချန်ဖန်း၊ မာရမ်းနှင့် ရေဖြူမြို့၊ ဘဝါတို့ရှိ တိုက်နယ် ဆေးရုံများ၊ ချန်ဖန်း၊ မာရမ်း၊ ကံပုံမာတမ်းနှင့် နဘုလယ်တို့ရှိ ကျေးလက်ကျန်း မာရေးဌာနများ၌လည်း ကောင်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အထွေထွေရော ဂါကုဆေးရုံကြီးနှင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံတိုက်နယ်ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မင်းတစ်စုတိုက်နယ် ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို မြို့၊ ခန္တီးမြို့နှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကလေးဆေးရုံကြီးနှင့် ဗဟိုအမျိုး သမီးဆေးရုံ၊ ပုသိမ်ကြီးမြို့နယ်ရှိ တီဘီဆေးရုံနှင့် ကျောက်မီးတိုက်နယ်ဆေးရုံ၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ ဝက်လူး၊ တံစိုး၊ ကန္နားတို့ရှိ တိုက်နယ်ဆေးရုံများ၊ မလှိုင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ဆည်တို၊ ကျောက်တန်း၊ နှောကန်တို့ရှိ တိုက်နယ်ဆေးရုံများ၊ ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ပြည်သူ့ဆေးရုံ၊ သင်ကြားရေးဆေးရုံနှင့် မကွေးတက္ကသိုလ် ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာ၊ တီတွတ်ကျေးရွာနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပင်းသီလာကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊ Cotton Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ မျက်မှန်(Goggles)များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer များ၊ Non Touch Thermometer များ၊ Portable  X-Ray Machine  စက်၊ ECG  Machine စက်၊ Suction  Machine   စက်များ၊ OT Cap  များ၊ Face Shield  များ၊ ပိုးသတ် ဆေးပုလင်းများ၊ Sodium Hypochloride များ၊ ECG စက်၊ ချွဲစုပ်စက်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ် လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက် ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 66 times Last modified on Tuesday, 26 May 2020 23:17